> သီဟသူ [dot] blogspot [dot] com: ဝတ်စုံ

Dec 10, 2013

ဝတ်စုံ

ပိတ်စတစ်စ
ကတ်ကြေးနဲ့ ကိုက်ချပစ်လိုက်တယ်
စက်ပေါ်တင် အပ်ချက်ပေါင်းများစွာ
စိုက်ချပစ်လိုက်တယ်။

အရောင် အသွေး
အဆင် အကွက်
အင်္ကျီဝတ်ပြီး ထွက်ခဲ့တယ်။

အသားကိုဖောက်ပြီးမှ
အပေါက်တွေထဲမှာ နေရာယူ
ချုပ်ရိုးချုပ်သား အမာရွတ်များ
အားကောင်းမောင်းသန်ချိတ်ဆက်လို့။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment