> သီဟသူ [dot] blogspot [dot] com: ဟစ်ပ်ဟော့ပ်ကဗျာ

Dec 11, 2013

ဟစ်ပ်ဟော့ပ်ကဗျာ

ကွေးမြစ်ပေါ်ကတံတားမှာ
တံတားကြီးနေရာက ကျောခင်းလို့
ဗင်ဂိုးရဲ့ပန်းချီကားမှာ
ကျီးကန်းတွေနေရာကထပျံလို့
မန့်ချ်ရဲ့အော်သံမှာ
အသံနေရာကအော်ဟစ်လို့
ပင့်ဖလွိုက်ရဲ့ အယ်လ်ဘမ်မှာ
နံရံတွေနေရာကခေါင်းမော့လို့
နာဂါဆာကီနဲ့ ဟီရိုရှီးမားမှာ
အနုမြူဗုံးနှစ်လုံးနေရာက သရုပ်ဆောင်ခဲ့သူ
လူ,
သူဟာ
ကာရန်မပါသော ကဗျာတစ်ပုဒ်
(ဝါ)
သံစဉ်မလိုသောဟစ်ပ်ဟော့ပ်တစ်ပုဒ်
ကျွန်ုပ်တို့ လက်တွေအတွက်ကိုင်စရာ
မင်္ဂလာရှိပါစေသတည်း။ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment