> သီဟသူ [dot] blogspot [dot] com: သတင်းစာကြော်ငြာ

Dec 13, 2013

သတင်းစာကြော်ငြာ

အထိတ်တလန့် ထွက်ပြေးခန်းမှာ
ပန်းခင်းက ရှိနေသေးတယ်
သဲကန္တာရ
အာတိတ်ဒေသ
ဆူထစ်တောင်တန်း
ဆိုက်ပရပ်ပင်တွေနဲ့လမ်း
ပြေးလမ်းရှည်ရှည်
ဘယ်အထိများ
ထွက်ပြေးဦးမှာလဲ အချစ်ဆုံးရေ
အားလုံးစိတ်ပူနေတယ်
အမြန်ဆုံးပြန်လာပါ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment