> သီဟသူ [dot] blogspot [dot] com: တောမှော်ရုံ

Dec 17, 2013

တောမှော်ရုံ

ငါ့မနက်ခင်း
မောနင်းစတားမုန့်တီ
မာကျူရီလက်ဖက်ရည်
ကယ်မိကယ်ဘရားသားစ်ဂီတ
မောင်မြင့်စိုး ပန်းချီပြပွဲနဲ့
အစကောင်းခဲ့ပြီ။

အနှောင်းသေချာ၊ မသေချာ
ငါ့ကိစ္စမဟုတ်တော့။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment