> သီဟသူ [dot] blogspot [dot] com: အပွင့်များ

Dec 18, 2013

အပွင့်များ

ကြွေစရာတွေ ကြွေပြီးမှ
အချစ်တွေဖူးသစ်တဲ့အခါ
ငါ့အပွင့်တွေ
ဖွင့်ဖောက်ဖတ်ကြည့်ကြပါတော့။

သမိုင်းဦးအစကအတိုင်းပါပဲလား
မိန်းမနဲ့ယောက်ျား
ရိုးမသွားသေးဘူး
မြွေနဲ့ သစ်သီး
ချိုမြိန်မှုနဲ့ အဆိပ်
ငယ်ထိပ်တက်ဆဲ
အိပ်မက်တွေလည်း စျေးကြီးဆဲ။ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment