> သီဟသူ [dot] blogspot [dot] com: အင်္ဂါဂြိုဟ်မှ ကျောက်တုံးများ

Dec 20, 2013

အင်္ဂါဂြိုဟ်မှ ကျောက်တုံးများ

အင်္ဂါဂြိုဟ်မှာလည်း
ကျောက်တုံးတွေ နေထိုင်ကြတာပဲ
ကျောက်တုံးတွေဆိုတော့
(လွယ်လွယ်နဲ့) ခေါင်းမကွဲဘူးပေါ့။

နတ်သမီးငါးရာနဲ့ တွေ့တွေ့
ငရဲမင်းကြီးနဲ့ တွေ့တွေ့
အရေးကြီးတာက
ခေါင်းမကွဲဖို့ပဲ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment