> သီဟသူ [dot] blogspot [dot] com: (ဖြစ်နိုင်ခြေ)ပေါက်မဲများ

Dec 23, 2013

(ဖြစ်နိုင်ခြေ)ပေါက်မဲများ

ငါ့အင်္ကျီအိတ်ထဲမှာ
လက်ကိုင်ဖုန်းပါတယ်
Aztor ပါတယ်
ထီတစ်အုပ်ပါတယ်
PARKER တစ်ချောင်းပါတယ်
ဗလာစာရွက်တစ်ရွက်ပါတယ်။

စကားအပြတ်မပြောလိုက်နဲ့
ဗဂျမ်းကာတွန်းထက် သာနေပြီပဲ။

အာကာသထဲကခေါ်သံကြားဖို့ရှိတယ်
ကော်လက်စထရောကျဖို့ရှိတယ်
သန်းကြွယ်သူဌေးဖြစ်ဖို့ရှိတယ်
အကြွေးစာရင်းအားလုံး
ပြီးဆုံးဖို့ရှိတယ်။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment