> သီဟသူ [dot] blogspot [dot] com: အလွမ်း

Dec 26, 2013

အလွမ်း

၁၉၇၃ တုန်းက
ငတ်ငတ်ပြတ်ပြတ်နဲ့
ကျွန်တော့်မြို့ကလေးရဲ့
အောင်မင်္ဂလာစျေးလေးထဲမှာ
စားရတဲ့ကော်ရည်ခေါက်ဆွဲအရသာ
ဘယ်မှာမှမရတော့ဘူး။

လောကတစ်လွှား
အရသာဒီလောက်ရှားသလား
(ဆန်းဆန်းပြားပြားတွေကတော့
အများသားပေါ့။)

အဖြူရောင်ဝတ်စုံလေးကို
မီးပူမတိုက်နိုင်ဘဲ
ခေါင်းအုံးအောက်မှာ
ထားအိပ်ခဲ့တဲ့
အိပ်မက်တွေ
အခုထိအရသာရှိတုန်းပဲ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment