> သီဟသူ [dot] blogspot [dot] com: နှစ်ပါးသွား

Dec 28, 2013

နှစ်ပါးသွား

စိန်တုံးများ တစ်တုံးပြီးတစ်တုံး
ပတ္တမြားခဲများ တစ်ခဲပြီးတစ်ခဲ
ရွှေဒင်္ဂါးများ တစ်ပြားပြီးတစ်ပြား
မင်းဟာတွေလား. . .
သူများဟာတွေပါ။

တွေးခေါ်စရာမလိုဘဲ တွေးခေါ်ခဲ့ရသော အမှားများ
လူပြက်ကြီးတွေရဲ့ ငိုအားထက် ရယ်အားများ
နှစ်ပါးသွားခဲ့ပြီ။ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment