> သီဟသူ [dot] blogspot [dot] com: မိုးသတ်သမား

Dec 3, 2013

မိုးသတ်သမား

မိုးတစ်ည၊ သေနတ်တစ်လက်
လောင်းကုတ်အင်္ကျီတစ်ထည်နဲ့
စိတ္တဇလူသတ်သမားတစ်ယောက်
ရောက်ရှိလာသော မိုးညများဟာ
ဝတ္ထုတစ်ပုဒ်ပါပဲ ။
အေးစက်နေသော ကော်ဖီတစ်ခွက်
ညှော်နံ့ထွက်နေသော ရုပ်မြင်သံကြားတစ်လုံး
၁၉၂၃ ခုနှစ်ရဲ့ တိုက်ကြီးထဲက တိုက်ခန်းတစ်ခန်း
အအေးမိနေကြသော မိသားစုတစ်စု
အပြင်ဘက်ကမိုးဟာ သဲကြီးမဲကြီး
တကယ့် လေကြီးမိုးကြီးပေါ့။

အဲဒီမိုးကိုရပ်ဖို့
ဘယ်မိုးသတ်သမားကိုများ
ငါ ငှားရပါ့မလဲ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment