> သီဟသူ [dot] blogspot [dot] com: နှင်းဆီပန်းများနှင့် လက်ထပ်ရခြင်း

Dec 4, 2013

နှင်းဆီပန်းများနှင့် လက်ထပ်ရခြင်း

အမေ့ရင်ခွင်မှ သားငယ်
ပင်လယ်လိုပွင့်ပြီး
ကမ္ဘာကြီးအား ဆင်မြန်းခဲ့ပါပြီ။
အလင်းစများ
မွှေးရနံ့များ
အမှောင်များ
ခြေချစရာနေရာလွတ်မရှိအောင်
အောင်မြင်ခဲ့သော ဆင်းရဲခြင်းများ
မကျန်စေခဲ့ရပါဘူး။

စိမ်းမြေ့သောကမ်းခြေ
ဝေးပါစေဦး။

ချစ်တတ်တာကလွဲပြီး
ကျွန်တော့်မှာသတ္တိ
များများစားစား မရှိလှပါဘူး။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment