> သီဟသူ [dot] blogspot [dot] com: သို့ မေမေ (၁၀)

Dec 28, 2013

သို့ မေမေ (၁၀)

သို့ မေမေ အာလုပ်စကားမှာ ဖေဖေ့ကိုပါ စိတ်ကညွှတ်တယ်
မေမ နေကောင်းလားမေးရင်း ဖေဖေ နေကောင်းဖို့ ဆုတောင်းတယ်
မေမေက ဆော့ဖ်ဝဲဆို ဖေဖေက ဟာ့ဒ်ဝဲ
သားတို့က နေကြာပန်းတွေ
မေ နဲ့ ဖေ နေမင်းကြီးဘက်ကို အမြဲ ဦးလှည့်တယ်။

မေမေရေ
၈၀ ခုနှစ်များက ဓာတ်ပုံတွေ ပျက်သွားတာ ဝမ်းနည်းဖွယ်ပါပဲ
ခုတော့
မြေးမလေး ဓာတ်ပုံတွေဟာ နံရံအဘက်ဘက်မှာ
ပျော်စရာပါလေ။ ။

သီဟသူ
၂၈-၁၂-၂၀၁၃

No comments:

Post a Comment