> သီဟသူ [dot] blogspot [dot] com: နာမည်ကြီးနှစ်ယောက်

Dec 5, 2013

နာမည်ကြီးနှစ်ယောက်

မြို့က လက်ပတ်နာရီတစ်လုံးရလာလို့
တစ်ရွာလုံး ထူးဆန်းကြတဲ့တောသားဟာ
မင်းလား? ငါလား?

ကြယ်တွေကို ရေတွက်ဖူးတဲ့ အရူးတွေဆိုရင်တော့
မင်းရော၊ ငါရော။

မင်းက လေယာဉ်ပျံလုပ်တယ်
ငါက ဝယ်ပြီးဗုံးကြဲတယ်
ငါက ကြံပင်စိုက်တယ်
မင်းက ဝယ်ပြီး အရက်ချက်တယ်။

မင်းပိုက်ဆံကို ငါယူတယ်
ငါ့ပိုက်ဆံကို မင်းယူတယ်
အခုတော့ တို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်
အချစ်ကြီးချစ်မိနေကြပြီ။

လောကဓံနဲ့ကံကြမ္မာ
တို့နာမည်တွေ ဘယ်သူပေးသလဲ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment