> သီဟသူ [dot] blogspot [dot] com: အိပ်မက်များ (၄)

Dec 7, 2013

အိပ်မက်များ (၄)

ရေကို အဆက်မပြတ် ဆာလောင်နေတာ၊
သစ်တောကြီးတွေကို မီးက လောင်ကျွမ်းသွားတာ၊
မျက်စိတစ်ဆုံး ခြောက်သယောင်း
ရင်ဘတ်ထဲအထိ ဆာဟာရ ဖြစ်ထွန်းလာတာ
မျက်စိမှိတ်လိုက်တာနဲ့ ဒါတွေပဲ မြင်မြင်နေရတာ၊
ည ည အိပ်ရမှာ စိုးထိတ်နေရတာ၊
ည ည ဒီအိပ်မက် ပြီးပါစေတာ့လို့
ဆုတောင်းရင်း
ဆက် အိပ်မက် မက်နေရတာ။ ။

သီဟသူ
၆၊ ၁၂၊ ၂၀၁၃။

No comments:

Post a Comment