> သီဟသူ [dot] blogspot [dot] com: ကိုယ်တို့ စကြဝဠာ

Dec 7, 2013

ကိုယ်တို့ စကြဝဠာ

ပန်းသီးထဲတွင်ဝင်ရောက်၍
ငါပြန်လည်ပေါက်ဖွားချင်သည်။

စူပါမင်းမဖြစ်ချင်
ငြိမ်းချမ်းချင်သည်။

လမင်းကြီးပေါ်ကို
မရောက်ဖူးလို
သောကမဲ့သောလူသားများကြားတွင်
ပျော်မွေ့နေချင်သည်။

သေဆုံးသွားသောချစ်သူတွေ
ပြန်ရှင်စေချင်သည်။

ဒဏ်ရာမရဘူးသူ၏အိမ်မှ
သောက်ရေတစ်ခွက်ကိုသာရှာပါ
အရာရာပြည့်စုံပါလိမ့်မည်။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment