> သီဟသူ [dot] blogspot [dot] com: ဒဏ်ရာကျသူ

Dec 8, 2013

ဒဏ်ရာကျသူ

ဂွမ်းလိပ်
ပတ်တီး
တင်ချာ
နာကျင်တဲ့ဒီဇိုင်းများနဲ့
ဘာကြောင့်သင့်ကိုယ်သင်
ဖွဲ့နွဲ့ချင်ရတာလဲ?

အမြဲစိမ်းတောအုပ်တွေဟာ
ပျော်ပွဲစားထွက်ကြဖို့လား?
တစ်ယောက်နဲ့တစ်ယောက်
တိုက်ခိုက်ကြဖို့လား?

ချစ်ရေးဆိုသူမရှိပဲ
ချစ်သောအဖြေပေးခဲ့မိတာ
ငါ အရူးလား? ။ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment