> သီဟသူ [dot] blogspot [dot] com: စနေ နေ့တစ်ဝက် (၂၀)

Dec 19, 2013

စနေ နေ့တစ်ဝက် (၂၀)

ဖတ်ခဲ့တာတွေ ဘယ်လောက်တောင်ရှိခဲ့ပြီလဲ၊
ပြီးတော့ ဘယ်လောက် ကျန်ခဲ့သလဲ။
ရေးဖြစ်ခဲ့တာတွေထဲကကော
ဘယ်လောက်များ ကျန်ခဲ့သလဲ။

ကျေနပ်နိုင်ရဲ့လား။
ပျော်နိုင်ရဲ့လား။
ဒီ အားထုတ်မှုများ။*

ဝမ်းဗိုက်အဆာနဲ့ ရင်ဘတ်ဗလာကို
ပြိုင်တူပြေ/ဖြေဖို့ အားထုတ်ရင်းနဲ့
ဗလာဖြစ်မှုဟာ ပိုမို ပြန့်ကားလာ၊
နေပျော်ပါရဲ့လား။

ဒီလိုနဲ့
စနေ နေ့တစ်ဝက်များ...


သီဟသူ
၁၉၊ ၁၂၊ ၂၀၁၃

*မအောင်မြင်ခဲ့သော အားထုတ်မှုများ (http://thihathu.blogspot.sg/2013/12/blog-post_3039.html)



No comments:

Post a Comment