> သီဟသူ [dot] blogspot [dot] com: အသွားနှစ်ဖက်တေးသွား

Dec 9, 2013

အသွားနှစ်ဖက်တေးသွား

ဓားတွေကို တန်းစီထားတာ
အဲဒါ မီးဖိုခန်းပဲ။

အိမ်ရှင်မရဲ့ လက်ရာ
ဓားများ
သစ်သီးလှီးဖို့ ဓား
ငရုတ်သီးလှီးဖို့ ဓား
ဟင်းရွက်လှီးဖို့ ဓား
အသားလှီးဖို့ ဓား
ငါးလှီးဖို့ ဓား
ချိစ်နဲ့ ပေါင်မုန့်လှီးဖို့ ဓား
ဓားများ
အတို အရှည်
အကြီး အသေး
အဆင့်ဆင့် တန်းစီ
ဘင်ခရာ တပ်ဖွဲ့တစ်ဖွဲ့
ညီညာစွာ ချီတက်ခဲ့တဲ့
သူရဲကောင်း ခြေလှမ်းတွေနဲ့။

ငါတို့ စားခဲ့ကြတယ်
ဓားတွေကို စားခဲ့ကြတယ်
ကမ္ဘာမြေကို လှပစွာ သိမ်းပိုက်မယ့်
အသွားနှစ်ဖက်
ဓားထက်ထက် တေးသွားတွေနဲ့။ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment