> သီဟသူ [dot] blogspot [dot] com: LIVE SHOW

Dec 24, 2013

LIVE SHOW

မျက်ရည်တွေသည် ချယ်ရီပန်းများ မဟုတ်
ဒေါသတွေသည် ပီယာနို မဟုတ်
အပူမီးတွေသည် ဝိုင်နီနီ မဟုတ်
ကြေကွဲမှုတွေသည် မြူဇီယံ မဟုတ်
ပသာဒ မပါ
နားဝင်မချို
အမြင်မလှ
ခမ်းခမ်းနားနား မရှိ။

ဘဝဟူသည် လိုက်ဖ်ရှိုးတစ်ပွဲ ဆင်နွှဲခြင်းမျိုး
မအောင်မြင်ခြင်းတွေကို အောင်မြင်စွာ တင်ဆက်ခြင်းမျိုး။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment