> သီဟသူ [dot] blogspot [dot] com: ၃၄" x ၄၂" ဆယ်ချပ်

Dec 27, 2013

၃၄" x ၄၂" ဆယ်ချပ်

၂၀၀၁ ခုနှစ်က
(ပန်းချီဆွဲဖို့) ဘောင်ကျပ်ထားတဲ
ကင်းဘတ်ဆယ်ချပ်
ဘာမှမဆွဲပဲထားတဲ့အရသာ
ဘာနဲ့မှ မလဲနိုင်ခဲ့ပါလား။

ဆွဲလိုက်ချိန်မှာ
ကမ္ဘာကျော်လိမ့်မယ်
ဒေါ်လာတွေရလိမ့်မယ်
(သေလွန်သည်အထိ)
အဓိပ္ပာယ်ဖွင့် ချီးကျူးကြလိမ့်မယ်
ထိုအချိန်မှာ
အရသာအားလုံး ဆုံးရှုံးသွားပြီဖြစ်ကြောင်း
ပြောပြခဲ့ပါတယ်။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment